ရေနံချောင်း ဩဂုတ် ၂၇
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေ ကျပ်သိန်း ၄၈၀ ဖြင့် ရေနံချောင်းမြို့ အိုးဘို-စည်ပင်သာ ချောင်းကူးတံတားသစ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
အဆိုပါ ချောင်းကူးတံတားကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေ ကျပ်သိန်း ၄၈၀ ဖြင့် အလျား ၄၆ ပေ၊ အကျယ် ၁၄ ပေရှိ (RC+ steel structure) တံတားအမျိုးအစားအား ရေနံချောင်မြို့ စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ ဦးဆလိုင်းမျိုးသူအောင်က ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်ဘတ်ချက်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ရေနံချောင်းမြို့ အိုးဘို-စည်ပင်သာ တံတားသည် ချောင်းတိမ်ချောင်းပေါ်တွင် တည်ရှိပြီး မိုးရာသီ ချောင်းရေးကျချိန်တွင် တံတားနှင့် အမှိုက်များညှိပြီး ဒိုက်တင်ကာ ချောင်းရေလျှံမှုကြောင့် စည်ပင်သာရပ်ကွက် အတွင်းရှိ ပြည်သူများ နှစ်စဉ်ရေဝင်ရောက်မှုနှင့် ကြုံတွေ့ နေရသည့်အတွက် ယခင်တံတားအဟောင်းအား ဖျက်သိမ်းကာ တံတားအသစ်ပြန်လည်တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။
ကိုစိုးကြီး