ဗိုလ်တထောင် သြဂုတ် ၂၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်တွင် ကိုဗစ်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင် ဩဂုတ် ၁၀ ရက်နောက်ပိုင်း ရခိုင်ပြည်နယ်မှ ပြန်လာသူများရှိက ရပ်ကွက်အုပ်ချုပ်ရေးမှူးအား သတင်းပို့ရန်၊ စားသောက်ဆိုင်၊ Bar ၊ Night Club၊ KTV များ မဖွင့်စေရန်နှင့် ရှောင်တခင် ကွင်းဆင်းစစ်ဆေးရန်၊ လူစည်ကားသည့်နေရာများ၊ စျေးများနှင့် သမ္မာန်ဆိပ်၊ သင်္ဘောဆိပ်များတွင် နှာခေါင်းစည်းများ ဖြန့်ဝေရန်၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရန်တို့ကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များ၊ ရပ်ကွက်(၁၂) ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး အစည်းအဝေးကို ကျန်းမာရေးညွှန်ကြားချက်များ နှင့်အညီ ဆောင်ရွက် ခဲ့ပြီး ချက်ချင်းသတင်းပို့ ဆောင်ရွက်ရေးနှင့် ရှေ့လုပ်ငန်းစနစ်များ ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)