မြစ်ကြီးနားမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်းများ၌ ကိုဗစ်-၁၉ရောဂါ မဖြစ်‌ပေါ်စေရန် ထိန်းချုပ်ရေးလုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်လျက်ရှိ

မြစ်ကြီးနား  ဩဂုတ် ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အခြေခံပညာအထက်တန်းကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ထပ်မံမဖြစ်ပေါ် လာစေရန် ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ ပေါ့လျှော့မှု မဖြစ်စေရေး အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပညာသင်ကြား လျက်ရှိသည့် ကျောင်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းများအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လိုက်နာဆောင်ရွက်ကာ ကျောင်းသို့လာရောက်သည့် ကျောင်းသား၊ ကျောင်းသူ များကို နှာခေါင်းစည်း Maskများ တပ်ဆင်စေပြီး ကျောင်းသို့မဝင်မီ လက်ဆေး‌စေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျောင်းဝင်းအတွင်း သတ်မှတ် အကွာ အဝေးဖြင့် စနစ်တစ်ကျ သင်ယူစေပြီး ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ စာသင်ချိန်တွင်း Face Shield များ တပ်ဆင်သင်ကြားစေခြင်း၊ ကျောင်း အတွင်း လက်ဆေးဘေစင်များ ထားရှိပေးကာ ကျောင်းသား၊ ကျောင်းသူများ မကြာခဏ‌ လက်ဆေးကြရန် နှိုးဆော်ခြင်း လုပ်ငန်းများကို ဆရာ၊ ဆရာမများက စနစ်တစ်ကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

စိန်ဝင်း(ပြန်/ဆက်)