တန့်ဆည်မြို့နယ်၌ မဲဆန္ဒရှင်များ မဲပေးခွင့်မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင်စာရင်းများပြည့်စုံ မှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တန့်ဆည်  ဩဂုတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ မဲဆန္ဒရှင်များ မဲပေးခွင့်မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမင်းနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းမောင်တို့က အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအရာရှိ ဒေါ်သန္တာစိုးတို့က ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေငြာခြင်းမပြုမီ မဲဆန္ဒရှင်များ မဲပေးခွင့်မဆုံးရှုံး စေရေး၊ အချက်အလက် ပြည့်စုံမှန်ကန်ရေးအတွက် မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စုများတွင် အိမ်ထောင်စုအလိုက် ‌ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ကြရန်နှင့် ကွင်းဆင်းဆောင်ရွက်ရာတွင် လိုက်နာရမည့်အချက်များကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

အစည်းအဝေးသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေး မှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။

ငြိမ်းမင်းထွန်း(တန့်ဆည်)