ရှမ်းရွာသစ် ဩဂုတ်၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ဒုတိယဖြစ်ပွားမှုအများဆုံးရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် (HPV) ကာကွယ်ဆေးထိုးနှံခြင်းကို အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ သိရှိရသည်။
ရှမ်းရွာသစ်မြို့တွင် HPV(Human Papilloma Virus) ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပထမအကြိမ်အဖြစ် စတင်ထိုးနှံပေးသွားမှာဖြစ်ပြီး အဆိုပါကွယ်ဆေးကိုထိုးနှံရန် သတ်မှတ်ချက်များတွင် အကျုံးဝင်သည့် အသက်(၉)နှစ်ပြည့်ပြီးမှ အသက်(၁၀)နှစ်အထိ မိန်းကလေးများ (သို့မဟုတ်) ၂၀၁၁ခုနှစ် ဩဂုတ်လအတွင်း မွေးဖွားသူမိန်းကလေးများအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာများရှိ ကျန်းမာရေးဆရာမများက စာရင်းများလိုက်လံကောက်ယူပြီး တစ်နိုင်ငံလုံးစီမံချက်ဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း ထိုးနှံပေးနိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အသက် (၉) နှစ်နှင့် (၁၀) နှစ်ကြား အမျိုးသမီးစုစုပေါင်း (၂၇၁) ဦးရှိကြောင်း အဆိုပါကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နော်အေးအေးချိုထံမှ သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)