မြဝတီမြို့တွင် ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် ၂ နှစ် အောက်ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်

မြဝတီ သြဂုတ် ၂၅

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယမန်နေ့နံနက်ပိုင်းက မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် ၂ နှစ်အောက်ကလေးများအား MCCT အစီအစဉ်အရ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ရှေးဦးစွာ မြဝတီမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံက အဖွင့်မှာစကားပြောကြားပြီး မြဝတီခရိုင် လူမှု ဝန်ထမ်းဦးစီးဌာနမှ လက်‌‌ထောက်ညွှန်ကြား‌‌ရေးမှူး ဦးကျော်သူနိုင်က ထောက်ပံ့ငွေပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြဝတီမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက်ကလေးငယ် ၁၄၀၂၂ ဦးအား MCCT အစီအစဉ်အရ တတိယအကြိမ်နှင့် စတုတ္ထအကြိမ်အတွက် ငွေကျပ် ၆၁၁၂၈၀၀၀၀ ကို မြဝတီမြို့နယ်အတွင်းရှိ သက်ဆိုင်ရာကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်