အမြို့မြို့အနယ်နယ်သတင်းများ

Aug 10,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၌ ကလေးငယ်များ အား ဗီတာမင် A နှင့် သံချဆေးတိုက်ကျွေးခြင်းကို တုံတာမြို့တိုက်နယ်ဆေးရုံတွင် ယမန်နေ့ နံနက် ၉နာရီမှ ၁၂နာရီအထိ ဆောင်ရွက်ခဲ့သည်။
Aug 10,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပထမ အကြိမ် မဲဆန္ဒစာရင်းများကြေညာထားခြင်းကို ယမန်နေ့က ကျေးရွာအုပ်စုများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
Aug 10,2020
၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် ပြည်သူအားလုံးမဲပေးနိုင်ရေး၊ မဲဆန္ဒရှင် စာရင်းများ မကျန်ရှိစေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် “မဲဆန္ဒရှင်စာရင်းတွင် သင့်အမည် ပါဝင်ပါ သလား” လက်ကမ်းစာစောင်
Aug 10,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်ချင်း ဆက်သွယ်ထားသော ဒလ-သခွပ်-လက်ခုပ်ကုန်း-ကညင်ကုန်းလမ်းပေါ်ရှိ
Aug 10,2020
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ စာစစ်ဌာနဖြစ်သော အထက(၁)စာစစ်ဌာနနှင့် အထက(၂)စာစစ်ဌာန၌ တက္ကသိုလ် ဝင်တန်းဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ၏ အောင်မြင်မှုစာရင်းများကို ယမန်နေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့ကြောင်း သိရ သည်။
Aug 10,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်ရှိကျေးလက်နေပြည်သူများအား၂၀၂၀ ပြည့်နှစ်နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွှေးကောက်ပွဲတွင်အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်းဆန္ဒမဲ ပေးခွင့်မဆုံးရှုံးစေရန်ရည်ရွယ်၍နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိရေးအတွက်ရွှေဘိုမြို့ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးဌာန ရုံးတွင် ဆောင်ရွက်ပေး လျက်ရှိသည်။
Aug 10,2020
၂၀၂၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဖားကန့်မြို့နယ်၊ ဝှေ့ခါးကျေးရွာ၌ မြေပြိုမှု ဖြစ်စဉ်တွင် ဂန့်ဂေါမြို့နယ်မှ ပါဝင်သူ(၈)ဦး၏ မိသားစုထံ ဂန့်ဂေါခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်တွင် မိသားစုနေထိုင်သည့် ဂန့်ဂေါမြို့နယ် လာပို့ကျေးရွာ၊ မောက်ကျေးရွာနှင့် ဟံသာဝတီကျေးရွာများသို့ အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
Aug 10,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသောမဲဆန္ဒရှင်ပြည်သူများစာရင်း မကျန်ရှိစေရေးအတွက် အသိပေးကြေညာခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်က “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ပြုလုပ်ခဲ့သည်။