ဂန့်ဂေါ ဩဂုတ် ၁၀
၂၀၂၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဖားကန့်မြို့နယ်၊ ဝှေ့ခါးကျေးရွာ၌ မြေပြိုမှုဖြစ်စဉ်တွင် ဂန့်ဂေါမြို့နယ်မှ ပါဝင်သူ(၈)ဦး၏ မိသားစုထံ ဂန့်ဂေါခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်တွင် မိသားစုနေထိုင်သည့် ဂန့်ဂေါမြို့နယ် လာပို့ကျေးရွာ၊ မောက်ကျေးရွာနှင့် ဟံသာဝတီကျေးရွာများသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် ဂန့်ဂေါမြို့နယ် လာပို့ကျေးရွာမှတစ်ဦး၊ မောက်ကျေးရွာမှ ခြောက်ဦးနှင့် ဟံသာဝတီကျေးရွာမှ တစ်ဦးတို့သည် မြေပြိုမှု ဖြစ်စဉ် တွင် သေဆုံးသွားသဖြင့် လူမှုဝန်ထမ်းဦးစီးဌာနက (၃၀၀၀၀) ကျပ်နှင့် သဘင်အစည်းအရုံးမှ (၅၀၀၀၀) ကျပ် လူတစ်ဦးလျှင် စုစုပေါင်း (၈၀၀၀၀) ကျပ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နုနုဆွေ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်လဲ့ရည်လှိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝင်းမြင့်အောင်တို့က မြေပြိုမှုဖြစ်စဉ်တွင် ပါဝင်သူ(၈)ဦး၏ မိသားစုထံ ကိုယ်တိုင်သွားရောက် ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။
ထင်အောင်နိုင် (ဂန့်ဂေါ)