မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်အား ပြည်သူများထံသို့ဖြန့်ဝေ

မြို့သစ် သြဂုတ် ၁၀

၂၀၂၀ ပြည့်နှစ် ၊   နိုဝင်ဘာလ ၈  ရက်နေ့တွင် ကျင်းပမည့်  ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် ပြည်သူအားလုံးမဲပေးနိုင်ရေး၊ မဲဆန္ဒရှင် စာရင်းများ မကျန်ရှိစေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် “မဲဆန္ဒရှင်စာရင်းတွင် သင့်အမည် ပါဝင်ပါ သလား” လက်ကမ်းစာစောင်အား ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍ ယာယီစျေး၊  သုံးဘီးကားဂိတ်၊ မြင်းလှည်းဂိတ်၊ လ္ဘက်ရည်ဆိုင်နှင့် လမ်းသွားလမ်းလာ ပြည်သူများထံသို့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ    လက်ကမ်းစာစောင်တွင် မဲပေးခွင့်ရှိသူများအနေဖြင့် မိမိအမည်မပါဝင်ပါက ပုံစံ (၃) ဖြင့် အမည်ထည့်သွင်း တောင်းဆိုရန်၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါ က ပုံစံ (၄) ဖြင့် ကန့်ကွက်ရန်၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင် ဖြည့်စွက် ပယ်ဖျက်ခြင်းများ ဆောင်ရွက်နိုင်ကြရန်နှင့် မဲဆန္ဒရှင်ပြည်သူများမှ မဲစာရင်းများတွင် မိမိအမည်ပါ/မပါကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်ကြည့်ရှုနိုင်ကြောင်း စသည့်အချက်များပါရှိကြောင်း သိရသည်။

ဝင်းအိဇွန် ( ပြန်/ဆက် )