ရွှေဘို ဩဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်ရှိကျေးလက်နေပြည်သူများအား၂၀၂၀ ပြည့်နှစ်နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွှေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရန်ရည်ရွယ်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြား များရရှိရေးအတွက်ရွှေဘိုမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
ရွှေဘိုမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန(ဦးစီးမှူး) ဦးစံထွန်းအေးက ဦးဆောင်၍ ရွှေဘိုမြို့နယ်အတွင်းရှိ နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများ စာရင်းကောက်ယူခြင်း၊ စစ်ဆေးဆောင်ရွက်ခြင်းနှင့် ပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။ ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံး စေရေးနှင့် မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းတွင် ထည့်သွင်းရမည့်အချက်အလက်များ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် လိုအပ်ချက်များ မဖြစ်ပေါ် စေရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။
ဇင်ပိုင်မှူး(ကျောက်/မြောင်း)