Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
+
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများထံ ငါးသားပေါက်များ အခမဲ့ ထောက်ပံ့ ပေးအပ်
Aug 24,2020
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများကို သထုံခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ ( CERP )၏ Action Plan အရ ယမန်နေ့ နံနက် ၉ နာရီက ပေါင်မြို့နယ် ကဒုံစီးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ငါးသားပေါက်များ အခမဲ့ ထောက်ပံ့ပေး အပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့တွင် ကိုဗစ်-၁၉ ရောဂါ မပေါ်ပေါက်စေရေးအတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Aug 24,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းမပေါ်ပေါက်စေရေးအတွက် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောက်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၇) နာရီတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ပြည်သူများ နေအိမ်အပြင်ထွက်လျင် (mask) များ မဖြစ်မနေ တပ်ဆင်သွားလာကြရန် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် မိုးစပါးမျိုးစေ့ထုတ်တောင်သူ (၃၂)ဦးကို ထောက်ပံ့ငွေများပေးအပ်
Aug 24,2020
စစ်ကိုင်းတိုင်းဒေသကြီး ၊ တမူးခရိုင် ၊ ခါမ်းပါတ်မြို့တွင် (CERP)အစီအစဉ်အရမိုးစပါး မျိုးစေ့ထုတ် တောင်သူ (၃၂)ဦးတို့ကိုထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းစိုက်ပျိုးရေးဦးစီးဌာနရုံးမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်၌ မဲဆန္ဒရှင်များ ပြည့်စုံမှန်ကန်ရေးနှင့် ကျန်ရှိမှုမရှိစေရေး တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေး
Aug 24,2020
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပုလောမြို့နယ် ပညာရေးမှူး ဒေါ်လှလှအေးဦးဆောင်သောအဖွဲ့က မဲဆန္ဒရှင်များ ပြည့်စုံမှန်ကန်ရေးနှင့် ကျန်ရှိမှု မရှိစေရေး ယနေ့နံနက် ၈ နာရီက ပုလောမြို့ အမှတ် (၅) ရပ်ကွက်တွင် တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်တောမြို့၌ မသန်စွမ်းသူများအား ထောက်ပံ့ငွေများပေးအပ်
Aug 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ပေါ်ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ မသန်စွမ်းသူများအား နိုင်ငံတော်မှ ငွေသားများထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက် ၁၀နာရီ က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ စားသောက်ဆိုင်များအား ရှောင်တခင် စစ်ဆေး
Aug 24,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၌ ကိုဗစ်-၁၉ကာလအတွင်း သတ်မှတ် ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိကို ယမန်နေ့ ညနေ ၄ နာရီက တုံတာမြို့ပေါ်ရှိ စားသောက်ဆိုင်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့ဂုဏ်ဆောင်(ဘက်စုံထူးချွန်) လူရည်ချွန်မောင်/မယ်(၄)ဦးအား မြို့နယ်မှထပ်ဆင့်ဂုဏ်ပြု
Aug 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်မှ ၂၀၁၉-၂၀၂၀ပညာသင်နှစ် ခရိုင်အဆင့် (ဘက်စုံထူးချွန်) လူရည်ချွန်အဖြစ် ရွေးချယ်ခံရသော မောင်/မယ် များအား မြို့နယ်မှ ထပ်ဆင့်ဂုဏ်ပြုသည့် အခမ်းအနားကို ဩဂုတ်လ ၂၂ ရက်နေ့က မိုင်းရှူးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ခေရ ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ်၊ မိုင်းမု၊ ပန်သပြေ (မြောက်) ကျေးရွာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ မိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ကျေးရ…
Aug 24,2020
စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (GLAD)နှင့် မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ မိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ ပေးခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေး ထောက်ပံ့ငွေပေးအပ်ခြင်းကို ဩဂုတ်လ (၂၂)ရက်နေ့ နံနက် (၁၀)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မိုင်းမုကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25284
Page
25285
Page
25286
Page
25287
Current page
25288
Page
25289
Page
25290
Page
25291
Page
25292
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department