ရေတာရှည် နိုဝင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်စေရန် အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေး တိုက်တွန်းနှိုးဆော်ရာတွင် ရေတာရှည်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု တားဆီးကာကွယ် နိုင်ရန်အတွက် လိုက်နာရမည့်အချက်များ၊ ကြိုတင် ရှောင်ရှားရမည့်အချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရန်နှင့် ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု ကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘ ပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်အတွက် အသိ ပညာပေး နှိုးဆော်မှုများကို မြို့အတွင်းလိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်အတွင်း၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ထပ်မံတွေ့ရှိမှု မရှိကြောင်း နှင့် ယနေ့အချိန်အထိ ရေတာရှည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာ (၁၅၆၆)ဦးရှိပြီး ဆေးရုံ ဆင်း (၁၅၂၆)ဦး၊ ဆေးကုသမှုခံယူလျက်ရှိသူ (၄)ဦး၊ သေဆုံး(၃၆)ဦး ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)