အမြို့မြို့အနယ်နယ်သတင်းများ

Nov 18,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ ၏ (၄၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့က ထေရဝါဒ ဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ ကျင်းပသည်။
Nov 18,2021
မွန်ပြည်နယ် သံဖြူဇရပ်မြို့ကျက်သရေဆောင် ကျိုက္ခမီရေလယ်ဘုရား၌ တန်ဆောင်မုန်းလပြည့် နေ့(သာမညဖလအခါတော်နေ့)ယနေ့နံနက်ပိုင်းတွင် ဘုရားဖူးလာရောက်ကြသည့်ပြည်သူများ အေးချမ်းစွာ ဘုရားဖူးကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။
Nov 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဇလွန်​မြို့နယ် မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာ ဘုရားကြီး၏(၅၀)ကြိမ်မြောက်မသိုးသင်္ကန်းတော်မြတ်ရက်ချုပ်ကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၄ နာရီအချိန်တွင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ဂန္ဓာကုဋီတိုက်တွင်ကပ်လှူပူဇော်ခဲ့သည်။
Nov 18,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင်မြို့နယ်လုံးဆိုင်ရာဒီပင်္ကရာ မြတ်စွာဘုရားကြီးနှင့်သံဃာတော်(၂၁၈)ပါးအာရုဏ်ဆွမ်းလောင်းလှုပွဲကိုယနေ့နံနက်(၅)နာရီအချိန်ကကြံခင်းမြို့ပေါ်ရပ်ကွက်များတွင်အာရုဏ်ဆွမ်းလောင်းလှုပွဲကျင်းပခဲ့ကြောင်းသိရသည်။
Nov 18,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့၏ ကျက်သရေဆောင် သမိုင်းဝင်တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ဆုတောင်းပြည့်ဘုရားကြီး၌ (၁၉)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ ည ၆ နာရီက ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီးဝင်းအတွင်းရှိ ရက်ကန်းစင်မဏ္ဍပ်၌ ပြုလုပ်ခဲ့သည်။
Nov 18,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် ခရိုင်၊ မိုင်းယောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ယနေ့နံနက်ပိုင်းက ဟောင်ကြန့် ကျေးရွာအုပ်စုမှ ဒေသခံပြည်သူ(၃၂)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မိုင်းလုံမြို့ ဈေးရပ်ကွက်တွင် သွား‌ရောက် ငှားရမ်းပေးခဲ့သည်။
Nov 18,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖ များနှင့် ပြည်သူလူထုများ စုပေါင်း၍ (၁၅) အကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကို ယနေ့ (တန်ဆောင်မုန်းလပြည့်နေ့) နံနက် ၆ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီဌာန၊ မြဧရာ (၁)ခန်းမ၌ ကျင်းပသည်။