အမြို့မြို့အနယ်နယ်သတင်းများ

Nov 18,2021
ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ပြည်သူများ နေအိမ်ပြင်ပထွက်ခွာတိုင်းတွင် Mask တပ်ဆင်သွားလာမှု ရှိစေရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
Nov 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်(၆)နာရီခွဲအချိန်က လားရှိုးမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 18,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင် ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်း အချိန်က မြို့‌ပေါ်ရပ်ကွက်များသို့ သွားရောက်၍‌ မြန်မာဘာသာ၊ စကောကရင်ဘာသာနှစ်မျိုးဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်အား ယခင်နှစ် များတွင် နှစ်စဉ် အစဉ်အလာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်နေသည့် ယမန်နှစ်တွင် မကျင်းပဖြစ်ခဲ့ရာမှ ယခုနှစ် (၃၅)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော် အား ပြန်လည်၍ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စည်ကားသိုက်မြိုက်စွာဖြင့် နိုဝင်ဘာ (၁၇)ရက် ညနေ့(၄)နာရီမှ စတင်ကျင်းပခဲ့သည်။
Nov 18,2021
စစ်တွေမြို့၊ မြို့လုံးကျွတ်ဆွမ်းတော်ကြီး လောင်းလှူပွဲကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီး၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက်ဆွမ်းဆန်တော် လောင်းလှူကြသည်။
Nov 18,2021
ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်း၍ စုပေါင်းမဟာ ဘုံကထိန်ပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က ဟင်္သာတမြို့၊ လယ်တီကွင်းရပ်ကွက်၊ မေဃဝတီကျောင်း၌ ကျင်းပပြုလုပ်ရာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းနှင့် ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
Nov 18,2021
အလုပ်တွင်ထိခိုက်ဒဏ်ရာရသေဆုံးသွားသည့် အာမခံအလုပ်သမားအတွက် ကျန်ရစ်သူအကျိုး ခံစားခွင့် ငွေလုံးငွေရင်း ကျပ် ၉၉ သိန်း (ကျပ် ကိုးဆယ့် ကိုးသိန်း တိတိ)ကို ၎င်း၏ဖခင်ဖြစ်သူထံ ပေးအပ်ခြင်းကို နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီက ချမ်းအေးသာစံမြို့နယ် လူမှုဖူလုံရေးရုံး၊ရုံးခွဲ(၂)တွင်ပြုလုပ်ခဲ့သည်။
Nov 18,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတ အတွေးအမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ် အမျှော်အမြင်များ ရရှိလာစေရေးနှင့် စာအုပ်စာစောင်းများကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။