ကြံခင်းမြို့နယ်လုံးဆိုင်ရာဒီပင်္ကရာမြတ်စွာဘုရားကြီးနှင့်နောက်ပါသံဃာတော်(၂၁၈)ပါးအာရုဏ်ဆွမ်းလောင်းလှုပွဲကျင်းပ

ကြံခင်း  နိုဝင်ဘာ  ၁၈

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင်မြို့နယ်လုံးဆိုင်ရာဒီပင်္ကရာ မြတ်စွာဘုရားကြီးနှင့်သံဃာတော်(၂၁၈)ပါးအာရုဏ်ဆွမ်းလောင်းလှုပွဲကိုယနေ့နံနက်(၅)နာရီအချိန်ကကြံခင်းမြို့ပေါ်ရပ်ကွက်များတွင်အာရုဏ်ဆွမ်းလောင်းလှုပွဲကျင်းပခဲ့ကြောင်းသိရသည်။

ကြံခင်းမြို့နယ်လုံးဆိုင်ရာဒီပင်္ကရာမြတ်စွာဘုရားကြီးသည်တန်ဆောင်မုန်းလဆန်း(၈)ရက် နေ့ညတွင် မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံပြီး မြို့မရပ်ကွက်အတွင်းရှိ ဒီပင်္ကရာဘုရားတန်ဆောင်းအတွင်းကိန်းဝပ်စံပယ်အပူဇော်ခံပြီးတန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့တွင်စေတနာရှင်အလှုရှင်များက ဒါနပါဝထ္ထူအစုစုတို့အား မဲပို့လှုဒါန်းခြင်း၊ တန်ဆောင်းမုန်းလပြည့်နေ့အာရုဏ်တတ်ချိန်တွင် ဆွမ်းဆက်ကပ်လှုဒါန်းပြီး နောက်ပါ သံယာတော်(၂၁၈)ပါးဖြင့်မြို့တွင်းသို့ ဒေသစာရီကြွချီအပူဇော်ခံရာ စေတနာရှင်ပြည်သူများမှ လှုဖွယ်ဝထ္ထူများ လောင်းလှုခဲ့ကြောင်းသိရသည်။

ကြံခင်းမြို့ပေါ်ရပ်ကွက်များရှိစေတနာရှင်အလှုရှင်များ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ဝန်ထမ်းများက ဒီပင်္ကရာမြတ်စွာဘုရား ကြီးနှင့်နောက်ပါးသံဃာတော်(၂၁၈)ပါးကိုဆွမ်းဆန်စိမ်းနှင့်လှုဖွယ်ဝထ္ထူအစုစုတို့ဖြင့်လောင်းလှုပူဇော်ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)