မိုင်းလုံ နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မိုင်းလုံမြို့ ဈေးရပ်ကွက်တွင် သွားရောက် ငှားရမ်းပေးခဲ့သည်။
စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ အတွက် စာပေဖတ်ရှုမှုကို အဆင်ပြေစေရန် နှင့် အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ပြီး သုတ၊ ရသ စာအုပ်များ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကိုယူဆောင်ပြီး ဈေးရပ်ကွက်အတွင်းရှိပြည်သူများကို စုရပ်အဖြစ် ဦးစိုင်းသစ်၏ နေအိမ်တွင်သတ်မှတ်၍ သွားရောက် ငှားရမ်းပေးခဲ့ရာ ယခုလိုဆောင်ရွက်ရာတွင် ကိုဗစ်ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆာင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းကို လစဉ်ပုံမှန် ပြုလုပ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းကို စာဖတ်ပရိတ်သတ်များအားပြောကြားခဲ့ကြောင်း သိရှိရ သည်။
ဇော်ဇော်(ပြန်/ဆက်)