ဇလွန် နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဇလွန်မြို့နယ် မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာ ဘုရားကြီး၏(၅၀)ကြိမ်မြောက်မသိုးသင်္ကန်းတော်မြတ်ရက်ချုပ်ကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၄ နာရီအချိန်တွင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ဂန္ဓာကုဋီတိုက်တွင်ကပ်လှူပူဇော်ခဲ့သည်။
မသိုးသင်္ကန်းတော်မြတ်ရက်ချုပ်ကပ်လှူပူဇော်ရာတွင်ကိန္နရီစင်တော်၊ သဗ္ဗူလစင်တော်၊ မယ်မဒ္ဒီ စင်တော်၊ အမယာစင်တော် တို့မှရက်ချုပ်လှူဒါန်းထားသော မသိုးသင်္ကန်းတော် မြတ်အား မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီးအားဆပ်ကပ်ပူဇော်ခဲ့ပြီး နံ့သာကိုးမျိုးဖြင့် မျက်နှာတော်သစ်ရောင်တော်ဖွင့်ခဲ့သည်။ ယင်းနောက်မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီးအားဆရာတော်သံဃာတော်များခြံရံပြီးဘုရားအနေကဇာတင်မြှောက်ခြင်းပြုလုပ်၍ သစ်သီးကိုးမျိုး၊ ပန်းကိုးပြီး၊ မုန့်ဆွမ်းကိုးမျိုး ကပ်လှူပူဇော်ခဲ့ပြီးဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး အားတန်ဆောင် မုန်းလပြည့်ကျာ်(၁)ရက်နေ့အထိ လျှပ်စစ်ရောင်စုံမီးများ၊ဆီမီးများဖြင့် ဆီမီးပူဇော်ပွဲကျင်းပပြု လုပ် မည်ဖြစ်ကြောင်းသိရသည်။
ဇလွန် (ပြန်/ဆက်)