ဖျာပုံ နိုဝင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့ ဘဝသစ်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက "လူ မှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ "ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက် (၉)နာရီအချိန်က ဘဝသစ် ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးတွင် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ လဝကမှူး ဒေါ်မျိုးမျိုးသင်း ဦးဆောင်သော ဝန်ထမ်းများက ဘဝသစ်ကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများအား အသက်(၁၆)နှစ်ပြည့်အထက်(၂၇)ဦး၊ အသက်(၁၈)နှစ်အထက် (၈၆)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး၊ အသစ်လဲလှယ်ခြင်း (၇၄)ခု၊ မိတ္တူပြုလုပ်သူ (၆၁)ဦး၊ စုစုပေါင်း(၂၄၈)ဦးအား ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)