အမြို့မြို့အနယ်နယ်သတင်းများ

Nov 20,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးပေးခြင်းလုပ်ငန်းများကို ၂၀၂၁ ခုနှစ်၊ ဇွန်လမှ စတင်ပြီး အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ကြရာ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၁၄၇၉ ဦးနှင့် သေဆုံးသူ ၁၄၇ ဦးအထိရှိကြောင်း သိရသည်။
Nov 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Nov 20,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်၊ ပန်းစွာ(ခ)ဦးမေဃကျောင်းတိုက်ဝန်းအတွင်းရှိ ကြက်သွန်ပွဲရုံ (ဈေးကွက်) အတွင်း ကြက်သွန်နီပိဿာချိန်ပေါင်း ၂၀၀၀၀၀ ကျော်အထိ နေ့စဉ်ဝင်ရောက်လာသော်လည်း ဝယ်လိုအားနည်း လျက်ရှိကြောင်း သိရသည်။
Nov 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်း”စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဆိုက်ခေါင်ကျေးရွာ စာသင် ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 20,2021
လျှပ်စစ်မီတာခများကို အကြောင်း အမျိုးမျိုးကြောင့် သက်ဆိုင်ရာမြို့နယ်ရုံး၏ ငွေလက်ခံကောင်တာသို့ လူကိုယ်တိုင် လာရောက် ပေးဆောင်နိုင်ခြင်း မရှိသူများအတွက် လျှပ်စစ်မီတာခများကို Onlineမှ တဆင့် ပေးဆောင်နိုင်ရန် စီစဉ်ထားရှိကြောင်း မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်။
Nov 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်မြို့မဈေးအတွင်း ရောင်းချလျက် ရှိသော စားသောက် ကုန်များတွင် ဓာတုဆိုးဆေးများ ပါဝင်ခြင်း ရှိ/မရှိကို ယနေ့နံနက် (၈) နာရီက စစ်ဆေးခဲ့ရာ ဈေးဆိုင် (၃) ဆိုင်တွင် ဓာတုဆိုးဆေးပါဝင်‌နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ ရကြောင်း သိရသည်။