ချမ်းအေးသာစံ နိုဝင်ဘာ ၂၀
လျှပ်စစ်မီတာခများကို အကြောင်း အမျိုးမျိုးကြောင့် သက်ဆိုင်ရာမြို့နယ်ရုံး၏ ငွေလက်ခံကောင်တာသို့ လူကိုယ်တိုင် လာရောက် ပေးဆောင်နိုင်ခြင်း မရှိသူများအတွက် လျှပ်စစ်မီတာခများကို Onlineမှ တဆင့် ပေးဆောင်နိုင်ရန် စီစဉ်ထား ရှိကြောင်း မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်။
ထိုသို့ Onlineမှတဆင့် ဓာတ်အားခလွယ်ကူစွာ ပေးဆောင်နိုင်ရေးနှင့် ဆောင်ရွက်ရမည့် အချက်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေးအတွက် မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ Website၊ MESC Call Center ( Facebook ) တွင်လည်း ကြေညာထားကြောင်း သိရသည်။
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိသည့် ပုဂ္ဂလိက ဘဏ်များ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများမှာ CB Bank PCL ၊ အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် ( AGD Bank ) ၊ ပထမပုဂ္ဂလိကဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ကမ္ဘောဇဘဏ်၊ ရတနာပုံဘဏ်၊ ဧရာဝတီဘဏ်၊ ယူနိုက်တက်အမရဘဏ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဘဏ်၊ Intetnet Wallet Myanmar Limited (OK$)နှင့် ထွန်းကော်မာရှယ်ဘဏ်တို့ ဖြစ်ကြောင်း မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်။
ထိပ်ထားနိုင်