ဝါးခယ်မမြို့၌စားသောက်ကုန် အရောင်းဆိုင်များစစ်ဆေးရာ ဈေးဆိုင်(၃)ဆိုင်တွင် ဓာတုဆိုး ဆေးများ ပါဝင်‌နေ‌ ကြောင်း စစ်‌ဆေးတွေ့ရှိ

ဝါးခယ်မ နိုဝင်ဘာ ‌၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်မြို့မဈေးအတွင်း ရောင်းချလျက် ရှိသော စားသောက် ကုန်များတွင် ဓာတုဆိုးဆေးများ ပါဝင်ခြင်း ရှိ/မရှိကို ယနေ့နံနက် (၈) နာရီက စစ်ဆေးခဲ့ရာ ဈေးဆိုင် (၃) ဆိုင်တွင် ဓာတုဆိုးဆေးပါဝင်‌နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ ရကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းထက်၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးမှူးဦးအောင်မိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်မိုးနောင်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံဦးလှဝင်းတို့ဦးဆောင်သော ပူးပေါင်းအဖွဲ့က ကွင်းဆင်း စစ်ဆေးရာဆိုင် (၃)ဆိုင်မှ ရောင်းချသော ငပိများတွင် ဓာတုဆိုးဆေးများ ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့်မြို့မ ဈေးတာဝန်ခံရုံးတွင် ဒေါက်တာ ဝင်းထက် ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က အဆိုပါဈေးရောင်းချသူ (၃)ဦးတို့အား ခေါ်ယူတွေ့ဆုံ၍ ဓာတုဆိုး ဆေးများသည် စားသုံးသူများအား အန္တရာယ်ဖြစ်စေသော ရောဂါ ဆိုးများဖြစ်ပွားနိုင် ကြောင်း အသိပေး ပြောကြားပြီး နောင်အလားတူ ဆိုးဆေးများအသုံးမပြုရန်ခံဝန်  လက်မှတ် ရေးထိုးစေခဲ့ကြောင်း သိရပါသည်။

စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)