ဒေးဒရဲမြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ဒေးဒရဲ နိုဝင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမြမွန်က (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတိုးပွားလာစေရန်၊ စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ဖြတ်ထိုးဉာဏ်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ မြင့်မားလာစေရန် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာ ခိုင်ချစ်အောင်ရေးသားသည့် အမျိုးသားနေ့ ကဗျာအား အခြေခံပညာမူလတန်း အဆင့်က ကျောင်းသား၊ ကျောင်းသူလေးများက ပါဝင်ယှဥ်ပြိုင်ခဲ့ပြီးနောက် ခါးလှည့်၊ မျှားပစ်၊ ပူးပေါင်း မှုတ် ဂိမ်းကစားပွဲများကို ဆက်လက်ကျင်းပခဲ့ပြီး ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ များကို တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)