ညောင်ဦး နိုဝင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club ၏ စာပေရေးရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာပေရေးရာ ဆွေးနွေးပွဲတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင် ဦးညီညီ၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မေသန္တာအောင်၊ မြို့နယ်ဦးစီးမှူး ဒေါ်ချိုချိုမာတို့ကအမှာစကား ပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူ အသင်းဝင်များမှ စာရေးဆရာတက်တိုး ရေးသားထားသည့် စာဖတ်စည်းစိမ်စာအုပ်ပါ ခေါင်းစဉ်များအလိုက် ဆွေးနွေးကြသည်။ အဆိုပါ စာအုပ်သည် အကြောင်းအရာခေါင်းစဉ် ၄၇ ပုဒ် ပါဝင်ပြီး စာမျက်နှာ ၂၃၂မျက် နှာပါဝင်ပြီး လစဉ်ထုတ်မဂ္ဂဇင်း The Light of English အမှတ်- ၉၆၊ ၂၀၀၂ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ လေးနှစ်ဆက်တိုက်ဖော်ပြခဲ့သည့် ဆောင်းပါးများကို စုပေါင်းထုတ်ဝေ ထားသည့် စာအုပ် ဖြစ်ကြောင်း သိရသည်။
ကိုထိန်၊ KPD