စစ်ကိုင်းမြို့တွင် အမျိုးသား(လူသစ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

စစ်ကိုင်း နိုဝင်ဘာ ၂၀

၂၀၂၁ ခုနှစ်၊ စစ်ကိုင်းခရိုင် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသား (လူသစ်တန်း) ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အားကစား ခန်းမအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

ဆုချီမြှင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဒေ သကြီးဦးစီးမှူး ဦးကျော်မင်းသန်းနှင့် တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက် အားပေးကြည့်ရှုခဲ့ကြပြီး နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ဇေယျာပိုက်ကျော်ခြင်းအသင်းနှင့် ရိုးရိုးလေး ပိုက်ကျော်ခြင်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲကြရာ ဇေယျာပိုက် ကျော်ခြင်းအသင်းမှ အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိခဲ့ကြသော ပိုက်ကျော်ခြင်းအသင်းများအား အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဌာနဆိုင်ရာများက ဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

အမျိုးသား (လူသစ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲကို စစ်ကိုင်းမြို့၊ ရပ်ကွက်အသီးသီးမှ လူငယ်လေး များဖြင့် အသင်း(၉)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး စစ်ကိုင်းခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန အနေ ဖြင့် စိတ်ဓာတ်သန်သန် မှန်မှန်လှုပ်ရှား လူတိုင်း အတွက် အားကစားဆိုသလို စဉ်ဆက်မပြတ် အားကစားမျိုးစုံတို့ကိုလည်း ဆက်လက်ကျင်းပပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်