Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကမ္ဘာ့ရှားပါးကြယ်လိပ် ၈၂ကောင်မှသည် ကြယ်လိပ်ကောင်ရေ တစ်သောင်းပြည့်သွားသည့် လောကနန္ဒာဘေးမဲ့တောဥယျာဉ်
Nov 20,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ရှိ သစ်တောဦးစီးဌာန၊ လောကနန္ဒာဘေးမဲ့တော ဥယျာဉ်တွင် မြန်မာ့ကြယ်လိပ်များအား ခြံလှောင်မွေး မြူထားပါသည်။ ရည်ရွယ်ချက်မှာ မြန်မာတစ်နိုင်ငံတည်း မှာသာ ရှိသည့် ဌာနေဖွား မျိုးစိတ်ဖြစ် ပြီး နေရင်း ဒေသများတွင် မျိုးသုဉ်းရန် အလွန် နီးကပ်နေသော အခြေအနေတွင် ရှိခြင်းတို့ကြောင့် မျိုးဆက် မပျက်သုဉ်းစေရေးအတွက် မွေးမြူ၍ ပေါက်ဖွါးလာစေရန်၊ တိုးပွါးလာသော သားပေါက်များကို ၎င်းတို့၏ နေရင်းဒေသများသို့ စေလွှတ်ပေးရန်၊ ဝါသနာရှင်များ၊ ပညာရှင်များ သုသေသနပြုလုပ်နိုင်ရန်နှင့် အများပြည်သူအနီးကပ် ကြည့်ရှုလေ့လာနိုင်ရန်အတွက်ဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ချက်များအား ကျေးရွာအရောက် စဉ်ဆက်မပြတ် အရှိန်အဟုန်မြင့်ဆောင်ရွက်…
Nov 20,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ပြည်သူသို့ အသိပေးပြန်ကြားချက်များအား ယနေ့နံနက်ပိုင်းက ဝင်းဖရ ကျေးရွာ၌ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် အမျိုးသား(လူသစ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
Nov 20,2021
၂၀၂၁ ခုနှစ်၊ စစ်ကိုင်းခရိုင် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသား (လူသစ်တန်း) ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အားကစား ခန်းမ အတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Nov 20,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ် ကျုံမှော်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Nov 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဒေးဒရဲမြို့နယ် ကျုံမှော်ကျေးရွာ အုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာပေရေးရာ ဆွေးနွေးပွဲကျင်းပ
Nov 20,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club ၏ စာပေရေးရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်တွင် လူမှုစီးပွားအထောက်အကူပြု အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းမှု နည်းပညာ သင်တန်းဆင်းပွဲကျင်းပ
Nov 20,2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ကြီးမှူး၍ အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်း ဆင်းပွဲကို မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မော်လမြိုင်လူငယ်သင်တန်းကျောင်း (စမ်းကြီး) တွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာရမည့်အချက်များအား ကရင်ဘာသာ၊ မြန်မာဘာသာ နှစ်ဘာသာဖြင့် အသိပညာပ…
Nov 20,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာရမည့် အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာအတွင်းအသိပညာပေးနှိုးဆော်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24263
Page
24264
Page
24265
Page
24266
Current page
24267
Page
24268
Page
24269
Page
24270
Page
24271
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department