ကျွန်းစု နိုဝင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သော ကပအုပ်စု အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်း အမျိုးသားပိုက်ကျော်ခြင်း ဗိုလ်လုပွဲကို ယမန်နေ့ နံနက်(၁၁) နာရီ အချိန်က ကပကျေးရွာအုပ်စု၊ မရမ်းချောင်း ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗိုလ်လုပွဲတွင် မရမ်းချောင်းအသင်းနှင့် We Sports အသင်း ယှဉ်ပြိုင်ကစားရာ We Sportsအသင်းက အနိုင်ရရှိခဲ့ပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ဒုတိယ ဆုရရှိသော မရမ်းချောင်း အသင်းအား လည်ဆွဲဆုနှင့် ငွေသားဆုများကို ကျေးရွာတာဝန်ရှိသူများမှ ပေးအပ်ခဲ့ကာ ပထမဆု ရရှိသော We Sports အသင်းအား လည်ဆွဲဆု နှင့် ငွေသားဆုကို မြို့နယ်အား/ကာမှူး ဦးဖြိုးဝေလင်းက ပေးအပ်ခဲ့ပြီး ကပအုပ်စုအုပ်ချုပ်ရေးမှူးဖလားကို ကပအုပ်ချုပ်ရေးမှူး ဦးသက်အောင်ခိုင်က ပေးအပ်ခဲ့ သည်။
အဆိုပါ ပြိုင်ပွဲကို နိုဝင်ဘာလ(၁၇)ရက်နေ့မှ စတင်ခဲ့ပြီး ကျေးရွာအသီးသီးမှ အသင်း(၉)သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး အုပ်စု(၃)အုပ်စု ဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။