တံတားဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ၏ ရင်တွင်း စကားသံများ

တံတားဦး  နိုဝင်ဘာဘာ  ၂၀

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုခံရပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသည့် ဥတည်ကျေးရွာအုပ်စု တောင်တော်ရပ်တွင် နေထိုင်သော ဒေါ်ဝင်းပပအား ယခုလိုဘဲ တွေ့ဆုံမေးမြန်းခဲ့ပါတယ်-

မေး။     အစ်မရဲ့ အမည်နဲ့နေရပ် သိပါရစေခင်ဗျာ ။

ဖြေ။     ကျွန်မနာမည်ကတော   ဒေါ်ဝင်းပပဖြစ်ပြီး     နေရပ်ကတော့     ဥတည်ကျေးရွာအုပ်စု

          တောင်တော်ရပ်တွင် နေထိုင်ပါတယ် ။ အလုပ်အကိုင်ကတော့ အရောင်းအဝယ်လုပ်ပါတယ်ရှင့် ။

မေး၊     အစ်မအနေနဲ့ ကိုဗစ်-၁၉ရောဂါ ကူးစက်မခံရမီ ကာလမှာ ဘယ်လိုမျိုး လက္ခဏာတွေ ခံစားရ

           ပါလဲ ။ နောက်ပြီးတော့ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ဘယ်လိုမျိုးသိရှိခဲ့ရလဲ သိပါရစေခင်ဗျာ ။

ဖြေ။     ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမခံရမီကာလမှာ အစ်မဖျားတယ် ၊  ဒီရောဂါမဖြစ်ခင်မှာ အစ်မ

            အနံပျောက်တယ်၊   အသက်ရှူလဲကြပ်လာပြီး မသင်္ကာလို့ တံတားဦးကဆေးရုံကို သွားပြီး

            ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးလိုက်တော့ ကိုဗစ်-၁၉ရောဂါပိုးတွေ့ ပါတယ်ရှင့် ။

မေး။     အစ်မအနေနဲ့ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိရပြီးနောက် ဘယ်လိုခံစားရပါလဲ ။ ပြီးတော့

           ဘယ်လိုကုသမှုခံယူခဲ့ပါသလဲ ။

ဖြေ။     ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတဲ့နောက် တံတားဦးမြို့ ပြည်သူ့ဆေးရုံကြီး ကိုဗစ်-၁၉ ကုသရေး

            အဆောင်မှာဘဲ (၁၀)ရက်တိတိ ဆေးကုသမှု ခံယူပါတယ် ။ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေချိန်မှာ

            အနံ့ အရသာပျောက်သွားတဲ့အတွက်  အစားလုံးဝစားမရဘူး ။ ဒါပေမယ့် ကိုယ်ကိုတိုင်က ကိုဗစ်

            -၁၉ရောဂါ ပျောက်ကင်းချင်တဲ့အတွက်  အစားကိုဝင်အောင် သေချာစားတယ် ။ ပြီးတော့

ကျန်းမာရေးဝန်ထမ်း များကလည်း ဆေးကုသမှုခံယူနေတဲ့ ပိုးတွေ့လူနာတွေကို မနက်တစ်ကြိမ်

၊ ညနေ တစ်ကြိမ် Pressure တိုင်းပေတယ်၊ အဖျားတိုင်းပေးတယ် ။  ဆရာ ၊ ဆရာမတွေ ပေးတဲ့

ဆေးကိုလည်း စနစ်တကျ သောက်ပါတယ်။ ပြီးတော့ အချိန်မှန်လည်း အိပ်ပါတယ် ။ အသက်ရှု

            လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပါတယ်ရှင့် ။

မေး။     အစ်မအနေနဲ့ ကာကွယ်ဆေး ထိုးပြီးပြီလား သိချင်ပါတယ် ။

ဖြေ။     ကိုဗစ်-၁၉ ကာကွယ်ဆေး( ၂)ကြိမ်လုံးထိုးပြီးပါပြီ   

မေး။     အစ်မအနေနဲ့ ကိုဗစ်-၁၉ရောဂါနဲ့ပတ်သက်ပြီး ဘာတွေများ ထပ်မံဖြည့်စွက်  ပြောလို

              ဘာသလဲခင်ဗျာ ။

ဖြေ။     မိဘပြည်သူများကို ကိုဗစ်-၁၉ ရောဂါပိုး မဖြစ်ပွားဖို့ မှာချင်တာက အချိန်မှန်မှန်အိပ်ပါ ၊

            အားရှိတဲ့ အစားအစာများကို အချိန်မှန်မှန်စားပါ  ၊ ကိုဗစ်-၁၉ရောဂါသံသယ လက္ခဏာ

ပေါ်ပါက  မိမိအိမ်တွင် ဆေးမီးတိုဖြင့်မကုသပဲ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေနဲ့

ချိတ်ဆက်ပြီး  ဆေးကုသမှုခံယူကြပါ။ နောက်ပြီးတော့ ဆေးထိုးရန် ကျန်တဲ့သူများကိုလည်း

ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ် ပြည့်မီအောင်း ထိုးကြပါလို့ အကြံပြုချင်ပါတယ်ရှင့် ။

အားလုံးလည်း ကျန်းမာရွှင်လန်းကြပါစေလို့ ဘုရားမှာ အမြဲဆုတောင်းပေးနေပါတယ်။

အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် အစ်မကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ ။

 

ရဲတင့်    (တံတားဦး)