မင်္ဂလာဒုံမြို့နယ် ကျိုက္ကလော့ပရိယတ္တိစာသင်တိုက် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ ကျောင်းတိုက်တွင် ကထိန်သင်္ကန်း လှူဒါန်းပွဲကျင်းပ

မင်္ဂလာဒုံ နိုဝင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ကျိုက္ကလော့ပရိယတ္တိစာသင်တိုက် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်းတိုက်တွင် ယနေ့ နံနက်(၈)နာရီက န.ဝ.မ အကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ပြုလုပ်ကျင်းပခဲ့သည်။

လှူဒါန်းပွဲတွင်ကျိုက္ကလော့ ပရိယတ္တိစာသင်တိုက် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်းတိုက် နာယကဆရာတော် အဂ္ဂမဟာပဏ္ဏိတဒေါက်တာ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသမှ ကထိန် အလှူတော်မင်္ဂလာ အနုမောဒနာတရားဟောကြားခဲ့သည်။

ထို့နောက်အလှူရှင်များဖြစ်ကြသည့် လယ်သမားများရွေးချယ်ရာ ထွန်စက်ကုမ္ပဏီလီမိတက်နှင့် ကျော်မိသားစုဝန်ထမ်းများက သင်ကန်းနှင့် နဝကမ္မဝတ္ထုငွေများ စုပေါင်းလှူဒါန်းကြပြီး ရေစက်ချတရားနာယူကာ အမျှအတမ်းပေးဝေပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မျိုးသန့်(မင်္ဂလာဒုံ)