မိုးကုတ် နိုဝင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် Mask အခမဲ့ ပေးဝေခြင်းကို ယနေ့နံနက် (၁၀) နာရီ အချိန်ခန့်က အောင်ချမ်းသာရပ်ရှိ ပတ္တမြားဈေးတွင် မြို့နယ် ကိုဗစ်ကော်မတီ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ဈေးရောင်းသူနှင့်ဈေးဝယ်သူများအား ပေးဝေခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ ပြုလုပ်ရာတွင် ဈေးရောင်းသူနှင့် ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အညီ လိုက်နာဆောင်ရွက်ကြရန်မှာကြားပြီး Mask အခမဲ့ပေးဝေခြင်းများကို မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့၊ မြို့နယ် အရန်မီးသတ်တပ်ဖွဲ့၊ Rescue အဖွဲ့တို့မှ မြို့နယ်စည်ပင် သာယာရေး ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
နန်းခွာညိုနှင်း