ပေါက်တော နိုဝင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အများပြည်သူများအသိပညာ ဗဟုသုတပြည့်ဝရေး၊ စာဖတ်ခြင်းဖြင့် အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရေး၊ လူငယ်များ စာဖတ် သည့်အလေ့ အထများဖြစ်ပေါ်စေရန်နှင့် လူအများရှေ့တွင် ပြောရဲ ဆိုရဲရှိလာစေရေး၊ စာပေမှရရှိလာသော သင်ခန်းစာများဖြင့် လက်တွေ့နယ်ပယ်တွင် အသုံးချတတ်လာစေရန်ရည်ရွယ်၍ စာပေဝါ သနာရှင် လူငယ်များနှင့် ပူးပေါင်းလျက် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော "ရွှေရောင်လွှမ်းတဲ့ အခွင့်အလမ်း"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁)နာရီက လူထုအခြေပြု ဗဟိုဌာန(Community Center)ခန်းမတွင်ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က ၎င်းစာအုပ်၏ အခန်း(၅)ပါ "အောင်မြင်ချင်တယ်ဆိုရင်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာကြည့်တိုက်လက် ထောက်(၃) ဦးဇော်ထွန်းလင်း က အခန်း(၉)ပါ "လာစမ်းပါ့ စိန်ခေါ်သံ"ခေါင်းစဉ်ဖြင့်လည်းကောင်း ၊စာပေဝါနာရှင် မမေသင်းဖွေးက အခန်း(၇)ပါ"လူထူးလူဆန်းအချို့" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် စာဖတ်ဝိုင်းပြု လုပ်ခြင်းသို့ တက်ရောက်လာကြသည့် စာပေဝါသနာရှင် လူငယ်များက သိရှိလိုသည်များကိုတစ်ဦးနှင့် တစ်ဦး အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်