အမြို့မြို့အနယ်နယ်သတင်းများ

Nov 17,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၏ ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီး စေတီတော်မြတ်ကြီး၌ ရှေးအစဉ်အလာမပြတ် နှစ်စဉ်ကျင်းပမြဲဖြစ်သော မသိုးသင်္ကန်း ရက်လုပ် ပူဇော်ပွဲကို ယနေ့ နံနက် ၆ နာရီမှစတင်ကာ စေတီတော်အတွင်း ရက်လုပ်ကြောင်း သိရသည်။
Nov 17,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်သော ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါး(ဆင်းသုခ)စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက ဒိုင်းပြကုန်းကျေးရွာ ကွင်းအမှတ် (၁၅၄၅)၊ ဦးပိုင်အမှတ်(၁) မြေဧရိယာ(၁၀)ဧကရှိ တောင်သူဦးပေါ်လင်၏ လယ်ယာမြေတွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။
Nov 17,2021
မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ခေတ္တရပ်နားထားသည့် တနင်္သာရီ တိုင်းဒေသကြီးပြင်ပမှ မြိတ်မြို့သို့ ဆိုက်ရောက်ထွက်ခွာလျက်ရှိကြသော ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းများ နိုဝင်ဘာလ(၁၅)ရက်မှ စတင်ကာ မြိတ်-ရန်ကုန် ခရီးစဉ် ယာဉ်လိုင်းများ စတင်ပြန်လည် ပြေးဆွဲလျက်ရှိသည်။
Nov 17,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မိုင်းငေါ့မြို့ ဈေးရပ်ကွက်တွင် သွား‌ရောက် ငှားရမ်းပေးခဲ့ပါသည်။
Nov 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာရေးဆရာ လူထုစိန်ဝင်းရေး သားသော “‌‌ မျှော်လင့်ချက်မဲ့အ‌ခြေအနေဆိုတာမရှိဘူး” စာအုပ်ဖြင့် စာဖတ်ဝိုင်း‌ ဆောင်ရွက်ခြင်း ကို နိုဝင်ဘာလ ယမန်နေ့ မွန်းလွဲ ၃နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Nov 17,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ဘက်စုံသုံးဆပ်ပြာရည်ပြုလုပ်နည်း သင်ကြားခြင်းကို ယမန် နေ့မွန်းလွဲ ၂နာရီခွဲက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လက်တွေ့သင်ကြားပေးခဲ့သည်၊၊
Nov 17,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့ အခြေခံပညာ အထက်တန်း ကျောင်း၌ ယမန်နေ့တွင် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက မိုင်းအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 17,2021
တန်ဆောင်တိုင်ရုံးပိတ်ရက် ယနေ့တွင် ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ မြန်မာပြည်ရပ်ရပ်မှ ဘုရားဖူးလာ ရောက်သူ များပြားနေလျက်ရှိနေကြောင်း ရွှေစည်းခုံဘုရား ဂေါပကအဖွဲ့၊ ရုံးအဖွဲ့မှူး ဦးသန်းမြင့်ဦးထံက သိရသည်။