တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ဘက်စုံသုံး ဆပ်ပြာရည်ပြုလုပ်နည်းသင်ကြား

တပ်ကုန်း  နိုဝင်ဘာ  ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး  ဉီးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ဘက်စုံသုံးဆပ်ပြာရည်ပြုလုပ်နည်း သင်ကြားခြင်းကို ယမန် နေ့မွန်းလွဲ ၂နာရီခွဲက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  လက်တွေ့သင်ကြားပေးခဲ့သည်၊၊        

အဆိုပါ သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်က ဘက်စုံသုံးဆပ်ပြာရည် ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ပေးရခြင်းရည်ရွယ်ချက် များ ရှင်းလင်းပြောကြားပြီးနောက် သင်တန်းနည်းပြဆရာမ ဒေါ်နှင်းနှင်းထွေး(ရှင်သန်ခြင်းအရေး ပေါ်ကူညီရေးအသင်း)က ဘက်စုံသုံးဆပ်ပြာရည်ပြုလုပ်သည့် အခြေခံပစ္စည်းများနှင့်အရောင်၊ အနံ့ စသည့်တို့ထည့်သွင်း ပြုလုပ်ခြင်းအဆင့်ဆင့်ကို  လက်တွေ့ပြုလုပ်သင်ကြားပေးခဲ့ကြောင်း သိရ သည်။

တင်စိုးလွင်