ညောင်တုန်း နိုဝင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာရေးဆရာ လူထု စိန်ဝင်းရေး သားသော “ မျှော်လင့်ချက်မဲ့အခြေအနေဆိုတာမရှိဘူး” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းကို နိုဝင်ဘာလ ယမန်နေ့ မွန်းလွဲ ၃နာရီက ပြုလုပ် ဆောင်ရွက် ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှိုင်က စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုး သူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးစန်းမြင့်က မျှော်လင့်ချက်မဲ့အခြေအနေဆိုတာမရှိဘူး စာအုပ်ပါ “အဆိပ်စာ”၊ “သန်ပေမဲ့မစွမ်းသူတွေအတွက်” ခေါင်းစဉ်များဖြင့် လည်းကောင်း၊ မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက ဦးမြင့်ဟန်က “ရိုးသားမှုကအရေးအကြီးဆုံး”၊ “မဖြစ်နိုင်တာဘာမှမရှိ” စသည့် ခေါင်းစဉ်များဖြင့် လည်းကောင်း တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့်အတူ ဆွေးနွေးခဲ့ကြောင်း သိရ သည်။
မြို့နယ်(ပြန်ဆက်)