မိုင်းယောင်း နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့တွင် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များက မိုင်းအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးက မိုင်းအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်သည့် သိသင့်သိထိုက် သည်များ၊ ဆောင်ရန်ရှောင်ရန်အချက်များတို့ကို ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသူများအား ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက မိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း