ညောင်ဦး နိုဝင်ဘာ ၁၇
တန်ဆောင်တိုင်ရုံးပိတ်ရက် ယနေ့တွင် ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ မြန်မာပြည်ရပ်ရပ်မှ ဘုရားဖူးလာ ရောက်သူ များပြားနေလျက်ရှိနေကြောင်း ရွှေစည်းခုံဘုရား ဂေါပကအဖွဲ့၊ ရုံးအဖွဲ့မှူး ဦးသန်းမြင့်ဦးထံက သိရသည်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တန်ဆောင်တိုင် ရုံးပိတ်ရက် ဘုရားဖူးလာ ရောက်သူ များပြားနေပြီး ရွှေစည်းခုံဘုရားကြီး သို့ဘုရားဖူး လာရောက်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နိုင်ရန် သာမန်ရက်များတွင် နံနက် ၆ နာရီမှ ညနေ ၆နာရီအထိသာ ဖွင့်လှစ်ထားပြီး အခါကြီးရက်ကြီးများတွင် နံနက် ၅နာရီမှ ည ၈နာရီအထိဖွင့်လှစ်ဖူးမြော်စေလျက်ရှိရာ နိုဝင်ဘာ ၁၇/၁၈ရက်တို့တွင် လည်း နံနက် ၅နာရီမှ ည ၈နာရီအထိဖွင့်လှစ် ဖူးမြော်စေလျက်ရှိကြောင်း ဦးသန်းမြင့်ဦးက ရှင်းပြသည်။ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မြန်မာပြည်အရပ်ရပ် မှ ဘုရားဖူးလာရောက်သူ များပြားလျက်ရှိ ဂေါပကဥက္ကဋ္ဌထားရှိသည့် ဘုရားများဖြစ်သော တုရင်တောင် စွယ်တော်မြတ်စေတီ၊ လောကနန္ဒာစွယ်တော်မြတ်စေတီ၊ ရွှေစည်းခုံဘုရား၊ ကျောက်ဂူဥမင်ဘုရား၊ ငှက်ပစ်တောင်ဘုရား၊ ဗူးဘုရား၊ အာနန္ဒာဘုရား၊ သဗ္ဗညုဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ မနုဟာဘုရား၊ ရွှေဆံတော်ဘုရား၊ အလိုတော်ပြည့်ဘုရား၊ ဓမ္မရံကြီး ဘုရား၊ စူဠာမဏိဘုရား၊ ဓမ္မရာဇကဘုရား၊ ပြဿကြီးဘုရား၊ မဟာဗောဓိဘုရား၊ ထီးလိုမင်းလိုဘုရား၊ မြစေတီဘုရားများတွင် ဘုရားဖူးများ စည်းကားနေပြီး၊ သမိုင်းဝင်ဘုရားများဖြစ်သည့် နဂါးရုံဘုရား၊ စိုးမင်းကြီးဘုရား၊ စိုးမင်းကြီး အုတ်ကျောင်း၊ အပါယ်ရတနာဘုရား၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ခေမင်္ဂဘုရားဝင်း၊ ရင်မနားဘုရားဝင်း၊ သိကြားပုန်းဘုရား၊ သိကြားဟစ်ဘုရား၊ တာမဏီသိမ်းကျောင်း၊ မင်းနန်းသူ ဘုရားသုံးဆူ၊ တရုတ်ပြေးဘုရားခေါ် နရသီဟပတေ့ဘုရား၊ သံမ္ဘူလဘုရား၊ သစ္စာဝတီဘုရား၊ အနုမြူကပ်ကျော်ဘုရား၊ မျက်တော်ပြေဘုရား၊ အင်ကြင်းဂူဘုရား၊ ဗူးလည်သီးဘုရား၊ ရွာဟောင်းကြီး ဘုရား၊ ဝတ္တနထောဘုရားဝင်း၊ ဆူးလေကုန်းဘုရားစု၊ ရှင်အဇ္ဇဂေါနဘုရား၊ ဂူနီဘုရားခေါ်ကူးနီးဘု ရား၊ ခြောက်ဘုရားလှ ဘုရားများတွင်လည်း မြန်မာပြည်ရပ်ရပ်မှဘုရားဖူးလာရောက်သူ များက ရှေးဟောင်း နံရံဆေးရေးပန်းချီများ၊ ကနုတ်ပန်း၊ ကျောက်ဆစ်ပန်း၊ အင်္ဂတေများအား စိတ်ဝင်တစား လေ့လာမှု များပြားလာခဲ့ကြောင်း သိရပြီး တန်ဆောင်တိုင်ရုံးပိတ်ရက် ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ ဘုရားဖူးလာရောက်သူ ၆၀၀၀ ဦးကျော် လာရောက်ခဲ့ကြောင်း၊ ဂေါပကအဖွဲ့ထားရှိသည့် ဘုရား ၁၉ ဆူတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဝင်ရောက် ဖူးမြော် စေကြောင်းလည်း ထီးလိုမင်းလို ဘုရားဂေါပက ဥက္ကဋ္ဌ ဦးတင်လှဦးကရှင်းပြ၍ သိရသည်။
ကိုထိန်၊KPD