လှိုင်းဘွဲမြို့နယ် ဒိုင်းပြကုန်းကျေးရွာတွင် မိုးစပါး (ဆင်းသုခ) စံကွက်ရိတ်သိမ်း

လှိုင်းဘွဲနိုဝင်ဘာ ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်သော ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါး(ဆင်းသုခ)စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက ဒိုင်းပြကုန်းကျေးရွာ ကွင်းအမှတ် (၁၅၄၅)၊ ဦးပိုင်အမှတ်(၁) မြေဧရိယာ(၁၀)ဧကရှိ တောင်သူဦးပေါ်လင်၏ လယ်ယာမြေတွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဦးစီးမှူး ဦးမြင့်ထွန်းလျှံနှင့် ဝန်ထမ်းများ၊ တာဝန်ရှိ သူများနှင့် တောင်သူများပူးပေါင်း၍ ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် စံကွက်အထွက်နှုန်းအရ ခန့်မှန်း အထွက်နှုန်း အစို(၁၀၃)တင်း၊ စပါးအခြောက် (၈၈) တင်း ထွက်ရှိကြောင်း၊ လှိုင်းဘွဲမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးစပါးစိုက်ဧက (၁၂၀၇၉၃) ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်။

စောဒိ(ပြန်/ဆက်)