အမြို့မြို့အနယ်နယ်သတင်းများ

Nov 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကျင်းပခဲ့သည်။
Nov 17,2021
(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီမှစတင်ပြီး ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူအရုပ်ခေါက်ပြိုင်ပွဲနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Nov 17,2021
တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အကြို အထိမ်းအမှတ်နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အများပြည်သူများ အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 17,2021
ရှမ်းပြည်နယ်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အထရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းကိုသိရှိစေရန် ရည်ရွယ်၍ “ စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 17,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့အတွင်း နေထိုင်နေကြသည့် ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်ခန့်က စတင်ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။
Nov 17,2021
National Library of Philippines ကကြီးမှူးကျင်းပသည့် libraries beyond covid 19 status, Challenges and Prospects ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ ၃ ရက်တိုင် တိုင်ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်နှစ်ဦး တက်ရောက် ဆွေးနွေး လျက်ရှိသည်။
Nov 17,2021
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့ဝင် စာပေချစ်မြတ်နိုးသူ စာရေးဆရာ၊ ကဗျာဆရာ ဦးဝင်းကျော်(ကိုဝေ) တို့ ပူးပေါင်းပြီး (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြောင်းသိကောင်းစရာများ အသိပညာပေး Talk Show ဆွေးနွေးပွဲကို
Nov 17,2021
ပြည်သူများ အလွယ်တကူဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ကလေးအလုပ် သမားပ ပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ ကြောင်း သိရသည်။