သီပေါမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသ

သီပေါ နိုဝင်ဘာ ၁၇

ပြည်သူများ အလွယ်တကူဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ကလေးအလုပ် သမားပ ပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်တွင် ကလေးအလုပ်သမား လျော့နည်း ပပျောက် စေရန် ရည်ရွယ်၍ ကလေးငယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးရမည့် လုပ်ငန်းများ၊ အရွယ်မတိုင်မီ ကလေးငယ်များ လုပ်ငန်းခွင်သို့ ရောက်ရှိလာရခြင်း၏ အဓိကအကြောင်း အရာများ၊ ကလေး အလုပ်သမားပပျောက်ရေးကြိုတင်ကာကွယ်တားဆီးရမည့်အချက်များ၊  ကလေးငယ်များ နှင့် ပတ်သက်ပြီး ရသင့်ရထိုက်သော အခွင့်အရေးများ၊ ကလေးငယ်များအပေါ် မတရား ညှင်းပန်းနှိပ်စက်မှု၊ အဓမ္မခိုင်းစေမှုများ ကြုံတွေ့ ရပါက ဆက်သွယ်အကူအညီတောင်းခံရမည့် နည်းလမ်းများ၊ တုန့်ပြန်ဖြေရှင်း ရမည့်နည်းလမ်းများ စသည့် အကြောင်းအရာများကို ဝေဝေဆာဆာထည့်သွင်း ပြသထားကြောင်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံကပ်စာစောင်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း လျော့နည်း ပပျောက်စေရန် ရည်ရွယ်၍  ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နည်းလမ်း များ၊ ပါးစပ်၊ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ရေး၊ အသုံးပြုနည်းများ စသည့် အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင် ရွက်ထားကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)