သံဖြူဇရပ်မြို့နယ်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုအထိမ်းအမှတ် နံရံကပ် စာစောင်ပြသ

သံဖြူဇရပ်      နိုဝင်ဘာလ     ၁၇

တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင်  ကျရောက်မည့်  (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အကြို  အထိမ်းအမှတ်နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက  မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အများပြည်သူများ အလွယ်တကူ  လေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍   ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေစိုက်နံရံကပ်ဘုတ်  ပြသပေးရာတွင်  ယနေ့ခေတ်  လူငယ်၊   လူရွယ်  ကျောင်းသား၊ ကျောင်းသူများ  အမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊   အမျိုးဂုဏ်၊   ဇာတိဂုဏ်   ထိန်းသိမ်းစောင့်ရှောင့်နိုင်ရန်နှင့် အမျိုးသားအောင်ပွဲနေ့ နောက်ခံအကြောင်းများ၊ ဆောင်းပါးများ၊ ဆောင်ပုဒ်များသိရှိစေရန် ထည့်သွင်း ပြသ ထားသည်။

သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ

ဗဟုသုတ များ ရရှိနိုင်​စေရန်အတွက် မြေစိုက်နံရံကပ်ဘုတ်နှင့်  နံရံကပ်စာစောင်တွင် အသိပညာပေး

အကြောင်း အရာများ ကို လဲလှယ်ပြသပေးလျက်ရှိကြောင်း သိရသည်။

အေးအေးမွန်(ပြန်/ဆက်)