ပြင်ဦးလွင်မြို့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်

ပြင်ဦးလွင် နိုဝင်ဘာ ၁၇      

(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီမှစတင်ပြီး ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူအရုပ်ခေါက်ပြိုင်ပွဲနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို  ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စက္ကူအရုပ်ခေါက် ပြိုင်ပွဲတို့တွင်  မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ကျန်းမာရေး

ညွှန်ကြားချက်များနှင့်အညီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများမှ ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ပြီး (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် စာဖတ်ဝိုင်းကို  မွန်းလွဲ(၁)နာရီက  ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး   ဒေါ်ငုချိုချိုမှ  စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြား၍ စာပေချစ်မြတ်နိုးသူများ၊  Book Club  အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ  တက်ရောက်ပါဝင် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။ 

ခရိုင် (ပြန်/ဆက်)