Libraries beyond covid-19 status, Challenges and Prospects ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်နှစ်ဦးတက်ရောက်

ဘားအံ နိုဝင်ဘာ ၁၇

National Library of Philippines ကကြီးမှူးကျင်းပသည့် libraries beyond covid 19 status, Challenges and Prospects ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ ၃ ရက်တိုင် တိုင်ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်နှစ်ဦး တက်ရောက် ဆွေးနွေး လျက်ရှိသည်။

ကိုဗစ်အလွန်ကာလတွင် စာကြည့်တိုက်ဝန်ဆောင်မှုများ စွမ်းရည်ပြည့်ဝရေးအတွက် ရည်ရွယ်ကျင်း ပသည့် ဆွေးနွေးပွဲဖြစ်ပြီး new normal ပုံစံဖြင့် စာကြည့်တိုက်များပြန်လည် ရှင်သန်လည်ပတ် နိုင်ရေးအတွက် အဓိကထား ဆွေးနွေးလျက်ရှိကာ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်နှစ်ဦးနှင့်အတူ အာဆီယံ အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၆၅ ဦး တက်ရောက် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ဆွေးနွေးနေကြသည့် ကိုယ်စားလှယ်နှစ်ဦးမှာ အမျိုးသားစာကြည့် တိုက်မှ ညွှန်ကြားရေးမှူးဒေါက်တာကေသီအေးနှင့် ကရင်ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချိုနွယ်ဌေးဝင်းတို့ဖြစ်ကြပြီး အမျိုးသားစာကြည့်တိုက်နှင့် ပြည်သူ့ စာကြည့်တိုက်များအကြောင်းကို အဓိကထား ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)