မိုင်းဆတ်မြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို သင်္ချာဉာဏ်စွမ်း ပြိုင်ပွဲ ကျင်းပပြုလုပ်

မိုင်းဆတ် နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘက်စုံသုံး ခန်းမ၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို သင်္ချာဉာဏ်စွမ်းပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ(၂၈)ရက်နေ့တွင ်ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ကြိုဆို ဂုဏ်ပြုသည့်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အခြေခံပညာ ကျောင်း အချို့ပိတ်ထားချိန်တွင် ကျောင်းသား၊ ကျောင်းသူများ သင်္ချာဉာဏ်ရည်ထက်မြက်မှု ရှိစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ကျောင်းသင်ခန်းစာသင်ကြားချိန်တွင် အထောက်အကူပြုစေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးမှုရရှိ စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်း များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)