အမြို့မြို့အနယ်နယ်သတင်းများ

Nov 22,2021
ကယားပြည်နယ်၊ ရှားတောမြို့နယ်ပြည်တွင် ကိုဗစ်-၁၉ ရောဂါ Positive လူနာနှင့် ထိတွေ့ခဲ့သည့် Contact Person (၁၃)ဦးအား ယမန်နေ့တွင် Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ Positive (၄)ဦး ထပ်မံတွေ့ရှိခဲ့သည်။
Nov 22,2021
ရှမ်းပြည်နယ်( မြောက်ပိုင်း )၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က မြို့‌ပေါ်ရပ်ကွက် များသို့ သွားရောက်၍‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များ အရောက် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်၌ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Nov 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ အရင်းမပျောက်မတည် လည်ပတ်ရန်ပုံငွေ မြစိမ်းရောင် စီမံကိန်းကို ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ်မှစတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မိုင်တဲကျေးရွာတွင် သတ္တမအကြိမ် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကျပ် ၅၃၅၃၅၀၀၀/-ကို ယနေ့ နံနက် ၉ နာရီ အချိန်က ငါးယှန်ကျေးရွာအုပ်စု၊ မိုင်တဲကျေးရွာမြစိမ်းရောင်စီမံကိန်း ကျေးရွာကော်မတီဥက္ကဋ္ဌ နေအိမ်တွင် ကိုဗစ်-၁၉ကာလ ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ချေးငွေထုတ်ချေး ပေးအပ်ခဲ့ကြောင်း သိရသည်။
Nov 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ 66kV သာကေတ-ဒဂုံတောင် ဓာတ်အားလိုင်းနှင့် 33kV ဒဂုံအရှေ့-ကညန ဓာတ်အားလိုင်း ကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများကို ပြည်သူများ ဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ရည်ရွယ်၍ ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က မြို့နယ်လျှပ်စစ်ရုံးက ဦးဆောင်၍ ခုတ်ထွင်ရှင်းလင်းခဲ့ကြကြောင်း သိရသည်။
Nov 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရန်၊ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၊ပြည်လမ်းရှိ ရေမြောင်းများ ရှင်းခြင်း၊ လမ်းနှင့်မလွတ်သည့် သစ်ပင်၊ သစ်ကိုင်းများ ရှင်းခြင်း၊ အမှိုက်များ၊ ချုံနွယ်များနှင့် မြက်များကို ယနေ့နံနက်(၉)နာရီအချိန်က ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။
Nov 22,2021
ကိုဗစ်-၁၉ ရောဂါကုသရေးတွင် အရေးကြီးလိုအပ်သော အောက်ဆီဂျင်ကို လုံလောက်စွာရရှိနိုင် ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နည်းအမျိုးမျိုးဖြင့် တွန်းအားပေးကြိုးပမ်းဆောင်ရွက် ခဲ့ရာ ယမန်နေ့ နံနက် ၉ နာရီခန့်က လှိုင်းဘွဲမြို့နယ်အောက်ဆီဂျင်စက်ရုံကို ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။