အမြို့မြို့အနယ်နယ်သတင်းများ

Nov 22,2021
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲ အခမ်းအနားကို ယနေ့ညနေ ၃ နာရီက မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
Nov 22,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အား အသက် ၁၈ နှစ်အထက်နှင့် ကာကွယ်ဆေးထိုး အုပ်စုများအလိုက် ပထမအကြိမ်အား ထိုးနှံပေးပြီးဖြစ်ရာ ဒုတိယအကြိမ် ဆေးထိုးနှံရန် ရက်ပြည့်မြောက်သူများ အား ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ အမှတ်(၁)ရပ်ကွက်ရှိ လှဧကရီခန်းမ၌ စတင်၍ ထိုးနှံပေးခဲ့သည်။
Nov 22,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြနရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီကမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဧည့်ခန်းမ၌ ပြုလုပ်သည်။
Nov 22,2021
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဒိုက်ဦးမြို့နယ်၌ မြန်မာနိုင်ငံ အတက်ရောဂါ စီမံချက်အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
Nov 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ဦးစားပေး ဦးတည်အုပ်စုများအလိုက် ပြည်သူများကို ယနေ့ နံနက်(၉)နာရီ အချိန်မှစတင်၍ သတ်မှတ်စုရပ်နေရာ အသီးသီးတို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ပထမအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
Nov 22,2021
လင်းခေးမြို့နယ်တွင် အများပြည်သူတို့အနားယူ အပန်းဖြေနိုင်မည့် လင်းခေးမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူကြသည့် ပြည်သူများအနေဖြင့် ဆေးရုံပန်းခြံအတွင်း အနားယူ အပန်းဖြေနားနေနိုင်လာတော့မည်ဖြစ်ကြောင်း သိရသည်။
Nov 22,2021
ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီရပ်နားထားသည့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)က ယမန်နေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြုလုပ်ကျင်းပခဲ့သည်။