အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ယခုနှစ် ရာဘာဈေးကွက် ဈေးပိုမိုရရှိသဖြင့် အစေးခြစ်ရပ်နားထားသည့် ရာဘာခြံများပါအစေးခြစ်ကြကြောင်း ရာဘာ ခြံပိုင်ရှင်များထံက သိရသည်။
Nov 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အပတ်စဉ်ဌာနဆိုင်ရာ များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က လောင်းလုံး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
Nov 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ရွေးကျေးရွာ၌ အမျိုးသား လျှပ်စစ်မီး ရရှိရေးစီမံချက် (ဒုတိယ)အစဉ်အဖြစ် ဆောင်ရွက်သောကျေးရွာ လျှက်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနား အားယနေ့ မွန်း တည့်၁၂နာရီအချိန်က အဆိုပါကျေးရွာ၍ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာ ဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့သည်။
Nov 22,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရွာအနီးရှိ ဝကုန်းချောင်းအတွင်း၌ (၆) မဂ္ဂါဝပ် အသေးစား ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်း ဆောင်ရွက်ရန်အတွက် MYANMAR ACCESS INTERNATIONAL CO;LTD မှ Feasibility Study Report အစီရင်ခံစာနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ အတွက် ကွင်းဆင်းစိစစ် ရေးနှင့်စာချုပ် (မူကြမ်း) များအား တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လာရောက်ရှင်းလင်းတင်ပြ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 22,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌  အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူ ၂၅၀ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက် (၉:၃၀) နာရီခန့်တွင် ဒေါ့ဖုန်းယန်မြို့ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
Nov 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်(၁၁) နာရီ အချိန်က အမျိုးသား အောင်ပွဲနေ့အကြောင်း သိကောင်းစရာများ (Talk Show) ကိုကျင်းပပြုလုပ်ခဲ့သည်။
Nov 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်နိုင်ရန်နှင့် ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။
Nov 22,2021
မြန်မာသက္ကရာဇ် ၁၃၈၃ခု နှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်စီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။