ဒဂုံတောင် နိုဝင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ 66kV သာကေတ-ဒဂုံတောင် ဓာတ်အားလိုင်းနှင့် 33kV ဒဂုံအရှေ့-ကညန ဓာတ်အားလိုင်း ကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများကို ပြည်သူများ ဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ရည်ရွယ်၍ ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က မြို့နယ်လျှပ်စစ်ရုံးက ဦးဆောင်၍ ခုတ်ထွင်ရှင်းလင်းခဲ့ကြကြောင်း သိရသည်။
ထို့သို့ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းအားဖြင့် မလိုလားအပ်ဘဲ လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေး၊ မြို့နယ်သန့်ရှင်းသာယာလှပစေရေးနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
ယခုလို သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းနေမှုအား သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်များကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်မင်းဟန်