အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုများနှင့်အညီ တတိယအသုတ် (Second Dose) နှင့် စတုတ္ထ အသုတ် (First Dose) များ၌ အသက်(၁၈)နှစ်အထက် ပြည်သူများ၊ သာသနာ့ဝန်ထမ်းများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ စက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေး ဝန်ထမ်းများ၊ စူပါမားကတ် ဈေးရောင်း ချသူများ စသည်တို့ကို ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေး ထိုးနှံပေးကြောင်းသိရသည်။
Nov 24,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နတ်သျှင်နောင်ခန်းမတွင် ယနေ့ နံနက်ပိုင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။
Nov 24,2021
လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ဆောင်ကြစို့ နိုင်ငံသားတိုင်း ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုး ရရှိစေရေးအတွက် ပန်းခင်း စီမံချက်အရ ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာနမှ မြို့နယ်ဦးစီးရုံးမှ မြို့နယ်ဦးစီးမှူး ဦးနေလင်းအေးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက် အကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကကို ယနေ့နံနက် ၇ နာရီအချိန်က ရွှေဇာလီ ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 24,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့် လှိုင်းဘွဲမြို့နယ် RESCUE အဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သော နိုင်ငံတကာအဆင့်မီ အရေးပေါ်အသက်ကယ်သင်တန်းနှင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(Fire Rescue) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
Nov 24,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါး စံကွက်ရိတ်သိမ်းပွဲအား ဝက်ဝံကျေး ရွာအုပ်စု မြိုင်ကြီးကျေးရွာ ကွင်းအမှတ် ၇၀၁ ရှိ တောင်သူ ဦးမြင့်အောင်၏လယ်တွင် ယနေ့ နံနက် ၁၀နာရီက ပြုလုပ်ခဲ့သည်။
Nov 24,2021
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း ပါဝင်သည့် ဒလမြို့နယ်အတွင်း ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ခရီးသည်တင် ယာဉ်လိုင်းများနှင့် မြို့နယ်အတွင်း ဖြတ်သန်း သွားလာကြသည့် ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား သတ်မှတ်စည်းကမ်းများနှင့်အညီ မောင်းနှင် ကြစေရေး အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက ဒလ-တွံတေး ကားလမ်းမကြီး တာကြီးရပ်ကွက်ရှိ ဆိပ်ကြီးတံတားထိပ် စစ်ဆေးရေးဂိတ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ မြို့နယ်အဆင့် စစ်ဆေးအရေးယူရေး ဆပ်ကော်မတီမှ ဦးဆောင်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက နိုဝင်ဘာ ၂၀ ရက်နေ့မှ ၂၂ရက်နေ့အထိ ပန်းခင်းစီမံချက်ဖြင့် ရေဖြူမြို့နယ်၊ လော့သိုင်း ကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်းများကို ကွင်းဆင်းကာ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Nov 24,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ဦးစီးထုတ်ဝေသော (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်‌နေ့နံနက်ပိုင်းတွင် လူစည်ကားရာနေရာများ၌ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။