အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခု ပထမ(၆)လ ဘတ်ဂျက် ဘဏ္ဍာရေးနှစ်အတွင်း စကားပင်ကျေးရွာ၊ ကင်းကျေးရွာ၊ တောပုကျေးရွာနှင့် မြစ်တိမ်ကျေးရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် ကျေးလက်ရေပေးဝေရေးလုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသ     ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 24,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်းနှင့် ပူးပေါင်းကာ (၁၀၁)နှစ်မြောက်အ မျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အသိပညာပေး (Talk Show) နှင့် စာအုပ်ပြပွဲကို လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။
Nov 24,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် MSFF (Japan) မှ ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများအစားသောက် အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများကို အခြေခံလူတန်းစား အိမ်ထောင်စုများအား လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာများသို့ သီပေါမြို့နယ် နှလုံးသားပရဟိတအသင်းမှကိုယ်စား သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Nov 24,2021
မန္တလေးတိုင်း ဒေသကြီး၊ မြစ်သားမြို့နယ်တွင်  ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အားနေ့ထူး နေ့မြတ်များအကြောင်းသိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက်(၁၀) နာရီက မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်သီတာအောင်နှင့်ဝန်ထမ်းများက အ.ထ.ကမြို့မအခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများ၊ လူစည်ကားရာနေရာများနှင့်မြို့မစျေးအတွင်း သွားရောက်၍  အခမဲ့ ဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။
Nov 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆွမ္မရာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးများ ကာယ၊ ဉာဏဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၉)နာရီအချိန် က စကားပုံဆက်ပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
Nov 24,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး  စာရေးဆရာမ ခင်စောတင့် ရေးသားသော  “ ခက်ခဲ ကျပ်တည်းသောအချိန်မှာ စိတ်ချမ်းမြေ့စရာ"စာအုပ်အား  စာဖတ်ဝိုင်းဆွေးနွေးခြင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပကြောင်း သိရသည်။
Nov 24,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု   အမြန်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်   သံဃာတော်များ၊   အသက်(၁၈) နှစ်အထက် ဒေသခံပြည်သူများ၊    အကြောင်းအမျိုးမျိုးကြောင့်   ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ နေသေးသည့်  ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့်  ဈေးရောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို နိုဝင်ဘာလ(၁၉)ရက် နေ့နှင်(၂၂)ရက်နေ့(၂)ရက်အတွင်း ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၂၀၃၀)ဦးရှိပြီး ဖြစ်ကြောင်း သိရသည်။
Nov 24,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများအား ဆေးထိုးစုရပ် ဖြစ်သည့် မြစည်းခုံသာသနာ့ဗိမာန်ဝန်း၊ အမှတ် ၅ ရပ်ကွက် ကေလဇာတီဘုရားဝန်း၊ ကေတုမတီမြို့သစ် မြို့ဦးကျောင်းတိုက်၊ ဂယ်ခိုဂယ်ဘား ခရစ်ယာန်ကျောင်း တို့၌ နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီအထိ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။