ပြင်ဦးလွင် နိုဝင်ဘာ၂၄
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါး စံကွက်ရိတ်သိမ်းပွဲအား ဝက်ဝံကျေး ရွာအုပ်စု မြိုင်ကြီးကျေးရွာ ကွင်းအမှတ် ၇၀၁ ရှိ တောင်သူ ဦးမြင့်အောင်၏လယ်တွင် ယနေ့ နံနက် ၁၀နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး၊ ခရိုင်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။
ရွှေရင်အေး စပါးစိုက်ခင်းအား Kubota စက်ဖြင့် ရိတ်သိမ်းခဲ့ပြီး တစ်ဧကလျှင် စပါး ၁၀၂ တင်း ထွက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက် ပြင်ဦးလွင်