အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2021
မွန်ပြည်နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာန တာဝန်ခံများနှင့် ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ဗီဒိယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်သည်၊၊
Nov 24,2021
 မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများအား ယခုဆောင်ရွက်ပေးနေသည့် ပန်းခင်းစီမံချက် အကြောင်း ပိုမိုသိရှိစေရန် ရည်ရွယ်၍ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို ယနေ့နံနက် ၉နာရီမှစ၍ လူစည်ကားရာဈေးများနှင့်ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးသည့် စုရပ်များ၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသိန်းဟန်နှင့်ဝန်ထမ်းများကဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Nov 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ (၁၀၁) နှစ်မြောက် အမျိုသားအောင်ပွဲနေ့ အထိမ်းအမှတ် "သတင်းစကား" လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေခြင်းအား ယနေ့နံနက် (၉) နာရီအချိန်ခန့်က မြို့မစျေးနှင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက် ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။
Nov 24,2021
ကရင်ပြည်နယ် မြဝတီမြို့တွင် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်သည်။
Nov 24,2021
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ ကို RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းအား ယနေ့နံနက်(၇)နာရီအချိန်ခန့်က သိန်းဖျံ ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 24,2021
ရှမ်းပြည်နယ်တောင်ပိုင်၊ မိုင်းကိုင်မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအတွင်း ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး များ ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကို-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ကုသရေး ကော်မတီနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုမှ တာဝန်ရှိသူများက ရွေ့လျားဝန်ဆောင်မှုအဖွဲ့ဖြင့် ကာကွယ်ဆေးများကို ကွင်းဆင်းထိုးနှံ ပေးသွားမည်ဖြစ်သည်။
Nov 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ယမန်နေ့ ညနေ ၄ နာရီအချိန်စ၍ မြို့ပေါ်ရပ်ကွက်နှင့် ကားလမ်းမကြီးတစ်လျှောက်သို့ သွားရောက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ် အတွင်း အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Nov 24,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူကြီး ကျော်ကျော်လင်းနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများ လိုက်ပါ၍ ယနေ့ နံနက် ၉ နာရီက စလင်းမြို့မစည်ပင်သာယာဈေးသို့ ရောက်ရှိပြီး ဈေးအတွင်း ဈေးဆိုင်ခန်းများ မီးလောင်ဆုံးရှုံးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ ဈေးအတွင်းအပြင် သန့်ရှင်း သာယာလှပရေး၊ မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးအတွက် အထူးအလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။